Thursday 22 September 2016

Computer မှာ Viber ထည့်နည်း......





ကွန်ပြူတာ အတွက် Viber ထွက်လာတာ  ကြာပါပြီ တချို့သောသူငယ်ချင်းတွေက အဆင်မပြေကြ ပါဘူး။ Install ပြီးတာနဲ့ ဖုန်းနံပါတ်ထည့်ပြီး အဲအဆင့်ကနေ ထက်လုပ်မတက် တော့ပဲ တစ်နေကြပါတယ်။ အရင်ဆုံး  အောက်က ကျနော်ပေးထားတဲ့ viber
Software   ကိုဒေါင်းလိုက်ပါ။
Viber ဒေါင်းယူရန်လင့်>>>MoneTharLay Viber.
 ကွန်ပြူတာတွင် install မ လုပ်ခင် ကိုယ် ထည့်မဲ့ ဖုန်းနံပါတ်အတွက် ဖုန်းတလုံးရှိဖို့လိုအပ်ပါတယ်။ အချိန်မရတာကြောင့် ပုံနဲ့ မပြနိုင်တာ ခွင့်လွှတ်ပေးပါဗျာ။ ကျနော့်စက်မှာ တည့်နည်းလေးအတိုင်းရေးပေးလိုက်ပါမယ်...
 အရင်ဆုံး ဖုန်းမှာ viber အရင်ထည့်ပါ။ ပြီးရင် ဖုန်းက အင်တာနက်ကို ဖွင့်ထားပါ။
ကွန်ပြူတာတွင် install လုပ်ပါ။
ပြီးရင် ခုနကဖုန်းမှာ Viber ထည့်ထားတဲ့ ဖုန်းနံပါတ်ကိုပဲ ကွန်ပြူတာ Viber မှာ ထည့်ပေးလိုက်ပါ။
Code ဖြည့်ရန် ပြလာပါမယ်။ ခဏနေရင် မိမိဖုန်းရဲ့ Viber ထဲကို ကုတ်နံပါတ် ပို့ပေးပါမယ်အဲကကုတ် နံပါတ်ကို ကွန်ပြူတာတွင်ဖြည့်လိုက်ပါ....
ဒီအဆင့်ပြီးရင်တော့ အဆင်ပြေပါပြီ...) ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Related Posts Plugin for WordPress, Blogger...