ဒီတခါတော့ ကွန်ပျူတာ တလုံးရဲ့ CPU အကြောင်းကို
ကျနော် နားလည်ထားသလောက် ရှင်းပြပေးသွားမှာပါ ။
ကွန်ပျူတာရဲ့ တွက်ချက်မှု့ အမြန်နှုန်းအတွက် CPU ကအဓိက ထောက်ပံ့ပါတယ်။
တွက်ချက်မှု့အပိုင်းတွင်အမြန်ဆုံးလုပ်ဆောင်ရပြီး စက်စတင်သည်မှ ပိတ်သွားသည့် အချိန်ထိ ရှိသမျှ ညွန်ကြားမှု့တွေကို ဒိုင်ခံ လုပ်ဆောင်ရတာကြောင့် ကွန်ပျူတာ ပစ္စည်းအားလုံးထဲတွင် အပူဆုံးဖြစ်ပါသည်။
ဒါကြောင့် အပူခံပြား {Heat Zinc} နှင့် အအေးခံရန် ပန်ကာ {Fan} တို့ကို တပ်ဆင်ထားရပါတယ်။
ကွန်ပျူတာတွင် Data အချက်လက်များကို Harddisk မှတ်သားထားပါတယ်။
၎င်း Data တွေကိ ကူးလူးဆက်ဆံဖို့ Ram ကလုပ်ဆောင်ပေးရပါတယ်။
Ram သယ်ဆောင်လာတဲ့ Data တွေရဲ့ Process အားလုံးကို CPU က လုပ်ဆောင်ပေးရပါတယ်။
ဒါကြောင့် CPU ဟာ အလျှင်မြန်ဆုံးဖြစ်ပြီး အားလုံးကို စီမံခန့်ခွဲရပါတယ်။
RAM ဟာ CPU ညွန်ကြားချက်များကို လိုက်လံ လုပ်ဆောင်ပေးရပါတယ်။

No comments:
Post a Comment